အောင်လံနှစ်ခြင်းခရစ်ယာန်အသင်းတော်
Aung Lan Baptist Church
  • Home
  • ခံယူချက်
    • Our Pastor
  • ဦးတည်ချက်
  • ဆရာများ
  • Ministries
    • တခြားဆိုဒ်
  • ကျမ်းစာ ဆော့ဝဲ
  • ဝေစာ
  • Songs
  • ဆက်သွယ်ရန်
  • ဓါတ်ပုံများ
    • သတင်း

သမ္မာကျမ်းစာလေ့လာဖို့ ဆော့ဝဲ A free software for Bible Study

     e-sword ဆိုတဲ့ ဒီ software ကလေးဟာ သမ္မာကျမ်းစာ လေ့လာဖို့အတွက် အတော် အထောက်အကူပေးပါတယ်။ သူ့မှာ .........
၁။ King James Bible ကျမ်းစာကို ဒေါင်းလုတ် လုပ်တဲ့အချိန်မှာ တန်းထည့်ပေးထားပါတယ်။ တခြား Version တွေကိုလည်း ထပ် ဒေါင်းလုတ် လုပ်နိုင်ပါတယ်။
၂။ Commentaries အနက်ဖွင့်ကျမ်းတွေလည်း အများကြီးပေးပါတယ်။ တခုချင်း ထပ်ဆွဲချလို့ ရပါတယ်။
၃။ Dictionaries ကျမ်းစာအဘိဓါန်တွေလည်း အများကြီးပါ။ လိုသလောက် ဆွဲချနိုင်ပါတယ်။
၄။ Editor ကတော့ နေ့စဉ်မှတ်တမ်းရေးဖို့၊ ကျမ်းစာမှတ်စုရေးဖို့ အဆင်ပြေစေတဲ့ နေရာပါ။
ဒီအပြင် နေ့စဉ်ဖတ်စရာ Devotional Guides တွေလည်း ဆွဲချနိုင်ပါတယ်။ Graphics ကတော့ မြေပုံတွေ ထည့်ပေးထားတာပါ။ အပိုဖတ်စရာ စာအုပ် အများကြီးကိုလည်း ဆွဲချနိုင်ပါသေးတယ်။
၅
။ အင်္ဂလိပ်ကျမ်းစာ King James Bible ကို အသံဖိုင်ဆွဲချပြီး ပေါင်းထည့်နိုင်ပါသေးတယ်။ စာအုပ်တွေ အများကြီး မဝယ်နိုင်၊ ရောက်မလာနိုင်ခဲ့တဲ့ ပြဿနာကို ကွန်ပြူတာနဲ့ အင်တာနက်နည်းနဲ့ ဘုရားသခင် ဖြေရှင်းလိုက်ပါပြီ။
အောက်က လင့်မှာ ဆွဲချရုံကလေးပါပဲ။


e-Sword Home
e-Sword Home
Powered by Create your own unique website with customizable templates.